မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းက ဂန္ထဝင်ပုဂ္ဂိုလ်ကြီးတွေ နားခိုရာ နေရာ တခုအဖြစ် တောင်လေးလုံးကွန်သာယာ စီမံကိန်းကို မန္တလေးက စာရေးဆရာတွေနဲ့ စာပေ ချစ်သူ တွေ စုပေါင်းပြီး ဂန္ထဝင်တောင်လေးလုံးချစ်သူများအဖွဲ့ ဖွဲ့ကာ လုပ်ဆောင်နေပါတယ်။
တောင်လေးလုံးကွန်သာယာဟာ လင်းဇင်းကုန်းသုဿန်နဲ့ တဆက်တည်းတည်ရှိပြီး အောင်ခြင်းရှစ်ပါးဆရာတော်ကြီးရဲ့ အရိုးအိုးဂူစေတီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ဂူဗိမာန်၊ ဆရာတော်ဦးပညာ အရိုးအိုးဂူဗိမာန်တွေ တည်ရှိတာဖြစ်ပါတယ်။