တစ်နိုင်ငံလုံး အဆင့်(၆) ရ မန္တလေးမြို့မှ ဘာသာစုံဂုဏ်ထူးရှင် မငြိမ်းအိအိစံ

Mizzima TV 2019-06-08

Views 3

တစ်နိုင်ငံလုံး အဆင့်(၆) ရ မန္တလေးမြို့မှ ဘာသာစုံဂုဏ်ထူးရှင် မငြိမ်းအိအိစံ
***********************************************
၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် အဆင့်(၆)နေရာကို ရရှိခဲ့သော မန္တလေးမြို့မှ ဘာသာစုံဂုဏ်ထူးရှင် မငြိမ်းအိအိစံ နှင့်တွေ့ဆုံကာ ယခုလိုရလဒ်ကောင်းများရရှိအောင် ကြိုးစားမှုနည်းလမ်းများနှင့် ဆရာများဘက်မှ ပံ့ပိုးပေးမှုစနစ်များကို အတုယူနိုင်စေရန် မေးမြန်းတင်ဆက်ထားသည်။

ဘာသာစုံဂုဏ်ထူးရှင် မငြိမ်းအိအိစံမှာ မန္တလေးမြို့ရှိ သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက်ရောက်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ရမှတ်ပေါင်း ၅၄၉ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၀) ဦး တွင် အဆင့်(၆)နေရာကို ရရှိခဲ့ခြင်းဖြစ်ကာ ဆေးတက္ကသိုလ် တက်ရောက်မည်ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၉ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၇၃ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၂၁ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၉၀ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၂၂၀ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၆၉၂၀ဦး ရှိခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူးထံမှ သိရှိရသည်။

သူရိန်နန်းကိုယ်ပိုင် အထက်တန်းကျောင်း၏ တည်ထောင်သူ ဦးတင်မောင်ကလည်း ဘာသာစုံဂုဏ်ထူးရှင် မငြိမ်းအိအိစံနှင့် ပတ်သက်ပြီး အခုလို ပြောခဲ့သည်။


ရိုက်ကူး ဘိုဘို မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS